Sep 22, 2007

မယာမဲ့

ရစ်တွယ်လာဖို့ မမြူဆွယ်
ဖျားယောင်းခြင်းနဲ့ ကင်းတယ်
တစ်စုံတစ်ရာဟာ
ရင်မှာလေးလံလှပေမယ့်
လွှင့်ပစ်ဖြည်ချဖို့
ဘယ်လိုနည်းနဲ့မှ စဉ်းစားမရတယ်
ဒါ. . . မာယာမဲ့ အချစ်ပါကွယ်

ဖုံးဖိမထား
မြင်သွားရတော့လဲ အပြစ်မဲ့
ဆင်းရဲခြင်းများနဲ့
ဘ၀ကို ဆက်မယ်
ရှိးစင်းစွာနဲ့
ထူးခြားဆန်းကြယ်တယ်
ဒါ.... မာယာမဲ့အချစ်ပါကွယ်
ယူရတာထက်
ပေးရတာကို နှစ်သက်တယ်
ဝန်တိုတာတွေအစား
ကြည်ဖြူတာတွေများမယ်
အပြစ်မြင်တာထက်
ခွင့်လွှတ် ချင်တာက ပိုတယ်
အနိုင်ရချင်တာထက်
အလျှော့ပေးတာကို စိတ်ဝင်စားတယ်
ဒါ. . . မယာမဲ့ အချစ်ပါကွယ်
ဝိညာဉ်
ခန်ဓာ
အားလုံး
အဆုံးတိုင်
မင်းကိုငါ မပို်င်ရပေမယ့်
ငါ့ကိုယ်တော့ မင်းပဲ ပိုင်ပါကွယ်
ဒါ. . . မယာမဲ့ အချစ်ပါကွယ်။ ။ ။

2 comments:

Anonymous said...

Idea is not so bad, but check spelling before post. Especially in Myanmar. Go on.

all i need said...

what book ka coppy htar tar la` very good par.u and ur lover happy kya par zay.