သူ့နည်း
ဥယျာဉ်မှူးသစ်... ဥယျာဉ်ထဲက အပင်တွေနဲ့ ပေါင်းပင်တွေကိုကျွန်တော်ဖြင့်မခွဲခြားတတ်သလိုပါပဲ ။ ခင်ဗျားဘယ်လိုခွဲခြားသလဲ
့ဥယျာဉ်မှူးဟောင်း . . . သေချာတဲ့ တစ်နည်းကတော့ အပင်တွေကိုဆွဲ နုတ်ကြည့်လိုက်ပေါ့ ။ပြန်ပေါက်လာရင် ပေါင်းပင်တွေပဲလို့သာမှတ်ပေရော့. . .. ..
သစ်ပင်တွေကို စိုက်တက်တဲ့ အမေအတွက် အမှတ်တရ. . . .
ခေတ်လူငယ်
အဘိုး ဒီအချိန်ဟာ ကလေးအိပ်ရာဝင်ချိန် မဟုတ်လားကွယ့်
မြေး(၈နှစ်အရွယ်) မသိဘူး ဘိုးဘိုး။ ကျွန်တော် စိတ်လည်းမ၀င်စားဘူး။ ကျွန်တော်မှာ ကလေးတွေမှ မရှိဘဲ. . .
တကယ့်ညဏ်ကြီးရှင်
ရထားတွဲတစ်တွဲမှာ စီးနှင်းလိုက်ပါလာကြသော မိန်းမကြီး နှစ်ယောက် တို့သည် ပြတင်းပေါက်ဖွင့်ရေး ပိတ်ရေးနှင့် ပြသနာ တက်နေကြ၏ ။နောက်ဆုံး အစောင့်ကို ခေါ်ကာ ဖြေရှင်းခိုင်း၏။
ဒီပြတင်းပေါက်ကိုသာ ဖွင့်ထားရင် ကျွန်မ အအေးမိ ပြီး သေမှာပဲ
မိန်းမကြီးတစ်ယောက်က ဆိုလေ၏။
ဒီပြတင်းပေါက်ကိုသာ ပိတ်ထားရင် ကျွန်မ မွန်းပြီး သေမှာပဲ
ကျန်တစ်ယောက်က ဆိုလေ၏
တွဲစောင့်ကြီးခမျာ ဦးနှေက်ခြောက်သွားလေ၏ သို့သော် နှခေါင်းနီတာရဲ နှင့် လူကြီးတစ်ယောက် ၀င်ရောက်ပြန်ဖြေပေးလိုက်ရာ တွဲစောင့်က အလွန်သဘောကြ သွားလေ၏။ ။ ။
ထိုလူကြီးက. . . . . . ပြတင်းပေါက်တစ်ပေါက်ကို ပထမ ဖွင့်ထားဗျာ ဒီလိုဆို တစ်ယောက်သေမယ်။ နောက်ပြတင်းပေါက်ကို ပြန်ပိတ်ထားဗျာ ကျန်တစ်ယောက်သေမယ် ။ကဲ ကျုပ်တို့အေးအေးဆေးဆေး နေရပြီပေါ့
ကြောက်တက်တယ်
ဇနီး အိမ်ဖောက်နေသံ ကျွန်မကြားနေသလိုပဲ ရှင်နိုးနေတယ်နော်
ခင်ပွန်း မနိုးပါဘူး
စေတနာပိုသွားတာ
ခင်ပွန်း....ငါတော့ ဒရိုင်ဘာကို ဖြုတ်ပစ်တော့မယ်ကွာတစ်လောလေးကဘဲ သူ့ကြောင့် ငါသေမလိုဖြစ်တာ လေးကြိမ်ရှိသွားပြီ
ဇနီး........အချစ်ရယ်. . . သူ့ကို နောက်တစ်ကြိမ်ခွင့်ပြုလိုက်ပါဦးလားကွယ်....
ခုန်နေဖို့သာအဓိက
အောင်မြင်မူ၏ လျှို့ဝှက်ချက်ကို သိချင်သော လူငယ်တစ်ယောက်က ကုန်သည်တစ်ယောက်ကို မေးလေ၏
ကုန်သည်က. . . . လျှို့ဝှက်ချက်မရှိပါဘူး အခွင့်ရေးပေါ်လာရင် ခုန်တက်လိုက်ရုံပါဘဲ
လူငယ်. . . ဒါပေမယ့် အခွင့်ရေးဘယ်တော့ပေါ်မလဲဆိုတာ ဘယ်လိုသိနိုင်မလဲ....
ကုန်သည်. . . ဟုတ်ပါတယ် မောင်ရင့်အနေနဲ့ အမြဲခုန်နေဖို့သာလိုပါတယ်
လိမ်လိုက်မိတာ
တယ်လီဖုန်းမှအသံ. . .မောင်သော် ကနေ့ကျောင်းတက်နိုင်မှာ မဟုတ်ပါဘူး
ဆရာ.....အခုစကားပြောနေတာ ဘယ်သူပါလဲ ခင်ဗျာ....
တယ်လီဖုန်းမှအသံ..... ကျွန်တော့်အဖေ စကားပြောနေတာပါ။ ။ ။
Sep 22, 2007
တွေးတွေးပြီးရီပါ(၁)
ရေးခဲ့တဲ့သူကတော့
all i need
အချိန်
11:53 PM
Subscribe to:
Post Comments (Atom)

No comments:
Post a Comment