အရောင်းစာရေးမ တစ်ဦး၊ စီမံရေးရာ စာရေး တစ်ဦး နှင့် မန်နေဂျာ တစ်ဦးတို့ နေ့လည်စာ အတူထွက်စားကြသည်။ တစ်နေရာ အရောက်တွင် လွန်စွာ အိုမင်းဟောင်းနွမ်းနေပြီ ဖြစ်သော ကြေးဝါမီးခွက် ကလေးတစ်လုံးကို တွေ့လေ၏။ သူတို့ ပွတ်တိုက်ကြည့်ကြ၏။ ထိုအခိုက် အတွင်းမှ မီးခွက်စောင့်နတ်သမီး ဂျင်းနီ ထွက်လာလေသည်။ ဂျင်းနီက " သင်တို့ လိုရာကို ပြောလော့၊ ကျွန်ုပ် ဖန်ဆင်းပေးမည် " ဟုပြောလေသည်။
ထိုအခါ စီမံရေးရာစာရေးက "ကျုပ်အရင်ပြောမယ်... ကျုပ်အရင်ပြောမယ်" ဟုဆိုကာ "ကျွန်ုပ် ဖလော်ရီဒါနားက Bahamas ကျွန်း လေးကို သွားချင်တယ်။ Speed Boat စီးပြီး ဇိမ်ကျကျနေမယ်...ဘယ်သူ့မှဂရုစိုက်စရာ မလိုဘူး..."။ ပြောပြီးပြီချင်း ဂျင်းနီက ခေါင်းတချက် ငြိမ့်လိုက်ရာ သူ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။
နောက်..."ဒီတစ်ခါ... ငါ့အလှည့်" ... အရောင်းစာရေးမက အတင်း ၀င်ပြောသည်။ ငါ ဟာဝိုင်ယီကျွန်း ကို သွားမယ်။ ကမ်းခြေမှာ massage နှိပ်ပေးတဲ့သူ နဲ့ "Pina Coladas" သီးစုံဖျော်ရည်လေး မြုံပြီး မှိန်းနေမယ်...။ သူမပြော ပြီးပြီး ချင်း ဂျင်းနီက ခေါင်းတစ်ချက်ငြိမ့်လိုက်သည်။ သူမ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။
နောက်... "ရှင့် အလှည့်" ဂျင်းနီကပြောသည်။
မန်နေဂျာက ခေါင်းတချက်ညိတ်လိုက်ပြီး "ဟို နှစ်ကောင်ကို ထမင်းစားပြီးချိန်မှာ ရုံးကို ပြန်ရောက်လာအောင်လုပ်ပေးပါ။"
သင်ခန်းစာ။ ။ တစ်ခုခု ပြောစရာရှိလျှင် မန်နေဂျာကို ဦးစွာ ပြောခွင့်ပြု သင့်သည်။
Sep 22, 2007
ကျွန်တော်ကူးထားတာ (၂)
ရေးခဲ့တဲ့သူကတော့
all i need
အချိန်
7:17 AM
Subscribe to:
Post Comments (Atom)

No comments:
Post a Comment